ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ထားရှိချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကယ်ဆယ်ရေးဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူ များသည် (၅-၁-၂၀၁၇) နေ့တွင် ပြည်ထောင်စုဝန်ကြီး၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ခရီးစဉ်တွင်လိုက်ပါ၍ ဝန်ကြီးဌာန၏ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ မိုးလေဝသအခြေအနေ၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးအခြေအနေများအားလုံးကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများအားလုံး သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံများအား လွိုင်ကော်မြို့၊ ဒီမောဆိုးမြို့၊ ပင်လောင်းမြို့ပေါ်များရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအားသွားရောက်၍ ရှင်းလင်းပြသခဲ့ပြီး ဖုန်းဝယ်ယူသူများ၏ လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းပေးနိုင်ရန်အတွက် အဆို ပါ DAN Application အားဖြန့်ဝေပေးခြင်း၊ ကြော်ငြာစတစ်ကာများကပ်ခြင်း၊ ပြည်သူများအား ဝေငှပေးခြင်းစသည့်လုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယ်ဆယ်ရေးဦးစီးဌာန (ရုံးချုပ်)