Category Archives: News
-
ပေါက်ခေါင်းမြို့နယ်၊ ဝါးရုံပင်လယ်ကျေးရွာအုပ်စု ကျောက်တန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝါးရုံပင်လယ်ကျေးရွာအုပ်စု ကျောက်တန်း ကျေးရွာတွင် (၁၇-၁-၂၀၁၇) နေ့က ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ထောင်စု (၃) စု လူဦးရေ (၁၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ဆန်ရိက္ခာ (၃) ရက်စာ (၁၀၈၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလပ်စတစ်ပုံးပါ) ပါ (၃) ပုံးFamily Kits (၃) ပုံး တို့အား … Read more
-
ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း အခမ်းအနားဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ညှိနှိုင်း၍ (၂၀-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကမ်းနီးကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၃) ရက်သင်တန်းဖွင့်ပွဲ အခမ်း အနားအား သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) နှင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းတို့မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့် အိမ်ထောင်စု (၉၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၉၈) ပုံး အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၆၅၀၀၀၀ိ/-) လူဦးရေ (၃၇၀) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာဘိုး (၃၃၃၀၀၀ိ/-) နှင့် အဝတ်အထည် (၁၀၀) ထည်ပါ (၂) ထုပ် … Read more
-
မူကြိုနည်းပညာရပ်များနှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း
မူကြိုကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ် အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ သွားရောက်၍ … Read more
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့ အ.ထ.က လက်ပံချေပေါ်ရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၅) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့သို့ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းလုံမြို့သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၃၅) ဦးအတွက် Islamic Reliefworld Wide IRW အဖွဲ့အစည်းနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁၁) စုစာ တန်ဖိုးငွေ (၂၄၂၇၂၆) ကျပ်ဖိုးနှင့် လူဦးရေ (၃၅) ဦးအတွက် ဆန်ဖိုးငွေ (၃၁၅ဝဝ) ကျပ်၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် ငါးသေတ္တာတို့အား (၂၀-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာ အုပ်စု၊ ရာကျော်ခုံ/လက်ပံခုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀)အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်း များ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကိုအချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့်သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ … Read more
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အရှေ့ရပ်ကွက်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အရှေ့ရပ်ကွက်၊ အောက်ချိုင့်တွင် (၁၈-၁-၂၀၁၇) ရက်၊ (၀၉:၃၀) အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၈,၀၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်တို့အား (၁၉-၁-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်သို့ ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်သို့ ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၉၈)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Islamic Relief World Wide IRW အဖွဲ့အစည်း၏ ပူးပေါင်းပါဝင်မှုဖြင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့် စောင်၊ စုစုပေါင်းတန်ဖိုးငွေ (၂,၃၂၈,၈၇၂/-) ကျပ်အား (၁၉-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အင်ယန်ကျေးရွာ၊ ဆလန်ယန်ကျေးရွာနှင့် အင်ဒွပ်ယန်ကျေးရွာများသည် ယခင်က တိုက်ပွဲရှောင်စခန်းများ ဖြစ်ခဲ့ပြီး ယခုအခါ ဆောင်းရာသီ၏ လွန်ကဲသည့် အအေးဒဏ်ကို တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ပိုမိုခံစားရသဖြင့် လတ်တလောစားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အကူအညီတောင်းခံလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသနေ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၉၈၇) ဦးအတွက် လတ်တလော စားနပ်ရိက္ခာပြေလည်စေရန် ဆန်ရိက္ခာဖိုး (၁၄) ရက်စာ ငွေ (၄,၁၄၅,၄၀၀/-) ကျပ်အား (၁၇-၁-၂၀၁၇) ရက်နေ့တွင် … Read more









