မူကြိုနည်းပညာရပ်များနှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း

မူကြိုကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆက်ဆံခွင့် စသည့် ကလေးသူငယ် အခွင့်အရေးများ ရရှိရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသည့် ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှုဝန်ထမ်း နည်းလမ်း များဖြင့် ပြုစု စောင့်ရှောက်မှုပေးနိုင်ရေး ကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက် ပေးခဲ့ပြီး ကျောင်းအတွက် အလှူငွေ၊  ကလေးများအတွက် အစားအစာနှင့် ကစားစရာများ ပေးအပ်ခဲ့ကာ ကလေးများနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ပရဟိတ ဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန၏ ပထမအဆင့် အသိအမှတ်ပြု ဂေဟာ ဖြစ်ပြီး လက်ရှိတွင် ကလေး(၈၇)ဦး လက်ခံပြုစု စောင့်ရှောက် ထားရှိပါ ကြောင်း သတင်းရရှိပါသည်။

Source: MSWRR  နေပြည်တော် ဇန်နဝါရီ (၁၉)ရက်

Sign Up

Upcoming Events