ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အရှေ့ရပ်ကွက်၊ အောက်ချိုင့်တွင် (၁၈-၁-၂၀၁၇) ရက်၊ (၀၉:၃၀) အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၈,၀၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်တို့အား (၁၉-၁-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)