သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည့်သတင်း

 

20 Pic 01

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာ အုပ်စု၊ ရာကျော်ခုံ/လက်ပံခုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀)အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်း များ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကိုအချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့်သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်း များ၌ DAN Mobile Application အား ထည့်သွင်းပေးခဲ့ပြီး  ကျေးရွာရှိ လူစည်ကားသည့် နေရာများ၌ DAN Mobile Application Sticker များ ထားရှိနိုင်ရေးအတွက် Sticker များအား ရာအိမ်မှူး၊ ဆယ်အိမ်မှူးများထံသို့ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events