
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့် အိမ်ထောင်စု (၉၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၉၈) ပုံး အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၆၅၀၀၀၀ိ/-) လူဦးရေ (၃၇၀) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာဘိုး (၃၃၃၀၀၀ိ/-) နှင့် အဝတ်အထည် (၁၀၀) ထည်ပါ (၂) ထုပ် တို့ အား (၁၉-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြား ခဲ့ပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)