လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝါးရုံပင်လယ်ကျေးရွာအုပ်စု ကျောက်တန်း ကျေးရွာတွင် (၁၇-၁-၂၀၁၇) နေ့က ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ထောင်စု (၃) စု လူဦးရေ (၁၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ဆန်ရိက္ခာ (၃) ရက်စာ (၁၀၈၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလပ်စတစ်ပုံးပါ) ပါ (၃) ပုံးFamily Kits (၃) ပုံး တို့အား ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်သည့် အခမ်းအနားတွင် (၂၀-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)