ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်သို့ ရောက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၉၈)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Islamic Relief World Wide IRW အဖွဲ့အစည်း၏ ပူးပေါင်းပါဝင်မှုဖြင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့် စောင်၊ စုစုပေါင်းတန်ဖိုးငွေ (၂,၃၂၈,၈၇၂/-) ကျပ်အား (၁၉-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)