ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အင်ယန်ကျေးရွာ၊ ဆလန်ယန်ကျေးရွာနှင့် အင်ဒွပ်ယန်ကျေးရွာများသည် ယခင်က တိုက်ပွဲရှောင်စခန်းများ ဖြစ်ခဲ့ပြီး ယခုအခါ ဆောင်းရာသီ၏ လွန်ကဲသည့် အအေးဒဏ်ကို တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ပိုမိုခံစားရသဖြင့် လတ်တလောစားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အကူအညီတောင်းခံလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသနေ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၉၈၇) ဦးအတွက် လတ်တလော စားနပ်ရိက္ခာပြေလည်စေရန် ဆန်ရိက္ခာဖိုး (၁၄) ရက်စာ ငွေ (၄,၁၄၅,၄၀၀/-) ကျပ်အား (၁၇-၁-၂၀၁၇) ရက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events