Category Archives: News
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက်ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့အသိပေးခြင်းအခမ်းအနားဖွင့်လှစ််မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနဟင်္သာတမြို့ရှိသဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ UNDP.Unicef.UN Volunteers တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့တွင်ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့အသိပေးခြင်းအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။၄င်းနောက် UNVမှMr.Juan miguel sanchez ကအမှာစကားပြောကြားခဲ့ပြီးဖွင့်ပွဲအခမ်းအနားအားအောင်မြင်စွာပြီးဆုံးခဲ့ပြီးသင်တန်းအားဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတမြို့ရှိ သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ခရိုင်အဆင့့်ဌာနဆိုင်ရာများ၊ပုသိမ်၊ဟင်္သာတ၊ဘိုကလေးမြို့နယ်မှVolunteers ၁၅၀ ဦးနှင့်အဆိိုုပါမြို့နယ်များမှဌာနဆိုင်ရာ ၃၅ ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ အောင်ကုန်းကျေးရွာ၌ “ရပ်ရွာအခြေပြုဘေးအန္တရာယ်လျော့ပါးရေးသင်တန်း” ဖွင့်လှစ်မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အမာမြို့၊ အောင်ကုန်းကျေးရွာ၌ “ရပ်ရွာအခြေပြုဘေးအန္တရာယ်လျော့ပါးရေးသင်တန်း” ကို (၂၈-၃-၂၀၁၇) ရက်နေ့မှ (၃၀-၃-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက သဘာဝဘေးကြိုတင်ပြင်ဆင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ တမာတန်းရပ်တွင် (၂၃-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ချောက်ရေနံမြေ ဝန်ထမ်းအိမ်ရာ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာအား (၂၃-၃-၂၀၁၇) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့၌ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုများ၊ မီးဘေး၊ လေပြင်းဘေး၊ မြေငလျင်နှင့်ပတ်သက်ပြီးအထူးလိုက်နာဆောင်ရွက်ရန်အချက်များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၈၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကမ်းပနီကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၂၂၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ပါသည်။ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ UNICEF Myanmar နှင့် ပူးပေါင်း၍ Thematic Workshop on MAPDRR and The People Most At-Risk Leaving No One Behind အလုပ်ရုံဆွေးနွေး ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန (၂၈-၃-၂၀၁၇) ရက်နေ့တွင် Hotel Royal ACE ဟိုတယ်၌ UNICEF Myanmar နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံ ချက်တွင် ထိခိုက်လွယ်သူများအား ထည့်သွင်းပါဝင်စေရေး (Thematic Workshop on MAPDRR and The People Most At-Risk Leaving No One Behind) အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် MAPDRR ရေးဆွဲရေးအထောက် အကူပြုလုပ်ငန်းအဖွဲ့ဝင်များ … Read more
-
လားရှိုးမြို့နယ်တွင် “သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ်ခါးသျှီးကျေးရွာနှင့် ခေးနင်း ကျေးရွာတို့တွင် “သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု စုစုပေါင်း လူဦးရေ (၁၇၀) ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား လက်ကမ်းစာစောင််များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင်ဖြစ်ပွားသောမီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီ၊ ရေသန့်၊ Huawei family kit ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၇၃၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇၃၀၀ိ/-) ကျပ်တို့အား (၂၇-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









