မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ တမာတန်းရပ်တွင် (၂၃-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ချောက်ရေနံမြေ ဝန်ထမ်းအိမ်ရာ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာအား (၂၃-၃-၂၀၁၇) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events