ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့၌ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုများ၊ မီးဘေး၊ လေပြင်းဘေး၊ မြေငလျင်နှင့်ပတ်သက်ပြီးအထူးလိုက်နာဆောင်ရွက်ရန်အချက်များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၈၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)