ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ပါသည်။ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)