ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ်ခါးသျှီးကျေးရွာနှင့် ခေးနင်း ကျေးရွာတို့တွင် “သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု စုစုပေါင်း လူဦးရေ (၁၇၀) ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား လက်ကမ်းစာစောင််များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)