လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ UNICEF Myanmar နှင့် ပူးပေါင်း၍ Thematic Workshop on MAPDRR and The People Most At-Risk Leaving No One Behind အလုပ်ရုံဆွေးနွေး ပွဲကျင်းပမှုသတင်း

2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန (၂၈-၃-၂၀၁၇) ရက်နေ့တွင်  Hotel Royal ACE ဟိုတယ်၌ UNICEF Myanmar နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံ ချက်တွင် ထိခိုက်လွယ်သူများအား ထည့်သွင်းပါဝင်စေရေး (Thematic Workshop on MAPDRR and The People Most At-Risk Leaving No One Behind) အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် MAPDRR ရေးဆွဲရေးအထောက် အကူပြုလုပ်ငန်းအဖွဲ့ဝင်များ (Task Force Members)၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (၄) ဖွဲ့မှ ဦးဆောင်ကိုယ်စားလှယ်များ၊ တွဲဖက်ခေါင်းဆောင်များ၊ အခြားသက်ဆိုင်ရာဌာနများမှ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events