
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနဟင်္သာတမြို့ရှိသဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ UNDP.Unicef.UN Volunteers တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့တွင်ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့အသိပေးခြင်းအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။၄င်းနောက် UNVမှMr.Juan miguel sanchez ကအမှာစကားပြောကြားခဲ့ပြီးဖွင့်ပွဲအခမ်းအနားအားအောင်မြင်စွာပြီးဆုံးခဲ့ပြီးသင်တန်းအားဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဟင်္သာတမြို့ရှိ သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ခရိုင်အဆင့့်ဌာနဆိုင်ရာများ၊ပုသိမ်၊ဟင်္သာတ၊ဘိုကလေးမြို့နယ်မှVolunteers ၁၅၀ ဦးနှင့်အဆိိုုပါမြို့နယ်များမှဌာနဆိုင်ရာ ၃၅ ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)