ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင်ဖြစ်ပွားသောမီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီ၊ ရေသန့်၊ Huawei family kit ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၇၃၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇၃၀၀ိ/-) ကျပ်တို့အား (၂၇-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
28 pic 01

Sign Up

Upcoming Events