ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)