Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် သေဆုံးသူများ၏ မိသားစုများအား ဆက်လက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ မကွေးမြို့မြင်သာရပ်၊ (၂၉) လမ်းနှင့် သစ္စာလမ်းထောင့် ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်တွင် (၂-၄-၂၀၁၇) ရက်နေ့ (၂၂းဝ၄) အချိန်တွင် မီးလောင်မှုကြောင့် သေဆုံး သွားသူ (၁၅) ဦးဖြစ်ပြီး ထောက်ပံ့ရန်ကျန်ရှိသူ (၄) ဦးအနက် သေဆုံး သူ မင်းလှမြို့နယ်နေထိုင်သူ မဆောင်းသဇင်၏ ကျန်ရစ်သူ မိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀/-) အား မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၄-၂၀၁၇) ရက်နေ့ (၁၃:ဝ၀) အချိန်တွင် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်(မြောက်) ကျေးရွာရှိ ကျေးရွာနေပြည်သူ (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ ပန်ကြားချက်စာရွက်များနှင့် နံရံကပ်ပိုစတာများဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် ဒဏ်ရာရလူနာအား ထောက်ပံ့ပြီးစီးခြင်း
(၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား မကွေးဆေးရုံကြီးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် သေဆုံးသူများ၏ မိသားစုများအား ထောက်ပံ့ပြီးစီးခြင်း
(၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူ (၁၅)ဦးအနက် ပိုင်ရှင်အတည်ပြုပြီးဖြစ်သော သေဆုံးသူ(၁၁)ဦး တို့အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၃,၃၀၀,၀၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုများသို့ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိကောင်းစရာများအား ဆွေးနွေးပြောကြားခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်များအကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ကျော်ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုသတင်း
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦး ဆောင်ရွက်ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဘုတလင်မြို့နယ်၊ ရွာသာကျေးရွာအတွက် လေဘေး ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ( ၂၈ – ၃ – ၂၀၁၇) ရက်နေ့ ဘုတလင်မြို့နယ်၊ ရွာသာ ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား (၃ – ၄ – ၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ္ဘာအော်တစ်ဇင် အမှတ်တရနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဖွင့်လှစ် အမှာစကားြပောကြားမှုသတင်း
ကမ္ဘာအော်တစ်ဇင် အမှတ်တရနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၊ တော်ဝင်နှင်းဆီကွင်း၌ (၂-၄-၂၀၁၇) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦး၊ ကမ္ဘောဇအနာဂါတ်အလင်းတန်းဖောင်ဒေးရှုင်း ဥက္ကဌ ဒေါ်နမ်းလိုင်းခမ်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားြပောကြားရာ အော်တစ်ဇင်နှင့်ပတ်သက်၍ အသိနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့အကျိုးကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒအသစ်များ ချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအမျိုးအစား(၄)မျိုးရှိရာတွင် … Read more
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UN Habitat အဖွဲ့တို့ပူးပေါင်း၍ (၂၈-၃-၂၀၁၇) ရက်နေ့မှ (၁-၄-၂၀၁၇) ရက်နေ့အထိ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းဆင်းပွဲအား (၁-၄-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် UN Habitat မှ တာဝန်ရှိသူတို့မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာအတွင်းရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဇီးကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၆၉) စုနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ အိမ်ထောင်စု (၁) စုလျှင် (၅၀,၀၀၀) ကျပ်နှုန်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၆၀,၀၀၀) ကျပ်နှုန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃,၅၁၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆၉) အိမ်ထောင်စုစာတို့အား (၃၁-၃-၂၀၁၇) ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် သွာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









