ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ) တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိကောင်းစရာများအား ဆွေးနွေးပြောကြားခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်များအကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ကျော်ခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)