(၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူ (၁၅)ဦးအနက် ပိုင်ရှင်အတည်ပြုပြီးဖြစ်သော သေဆုံးသူ(၁၁)ဦး တို့အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၃,၃၀၀,၀၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုများသို့ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)