ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UN Habitat အဖွဲ့တို့ပူးပေါင်း၍ (၂၈-၃-၂၀၁၇) ရက်နေ့မှ (၁-၄-၂၀၁၇) ရက်နေ့အထိ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းဆင်းပွဲအား (၁-၄-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် UN Habitat မှ တာဝန်ရှိသူတို့မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)