မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် သေဆုံးသူများ၏ မိသားစုများအား ဆက်လက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၄-၄-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ မကွေးမြို့မြင်သာရပ်၊ (၂၉) လမ်းနှင့် သစ္စာလမ်းထောင့် ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်တွင် (၂-၄-၂၀၁၇) ရက်နေ့ (၂၂းဝ၄) အချိန်တွင် မီးလောင်မှုကြောင့်  သေဆုံး သွားသူ (၁၅) ဦးဖြစ်ပြီး ထောက်ပံ့ရန်ကျန်ရှိသူ (၄) ဦးအနက် သေဆုံး သူ မင်းလှမြို့နယ်နေထိုင်သူ မဆောင်းသဇင်၏ ကျန်ရစ်သူ မိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀/-) အား  မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events