(၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား မကွေးဆေးရုံကြီးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)