ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဇီးကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၆၉) စုနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ အိမ်ထောင်စု (၁) စုလျှင် (၅၀,၀၀၀) ကျပ်နှုန်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၆၀,၀၀၀) ကျပ်နှုန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃,၅၁၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆၉) အိမ်ထောင်စုစာတို့အား (၃၁-၃-၂၀၁၇) ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် သွာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)