Category Archives: News
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာလေ ပြင်းဘေးကြောင့် အိမ်အရှေ့ပိုင်းပြိုလဲ ပျက်စီးအိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကဆရပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား (၁၈-၄-၂၀၁၇) ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီး ကျေးရွာအုပ်စု၊ ပြင်ထပ်ကျေးရွာနေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၁-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ မီးဘေးသင့်အိမ်ခြေ (၁) လုံး (အုတ်ခံ ပျဉ်ကာ ပျဉ်ခင်း) အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ် ၊ ဆန်ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂၆၀၀/-) … Read more
-
မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုများပြားနိုင်သည့်အခြေအနေနှင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များအားအသိပေးနှိုးဆော်ခြင်း
၁။ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသည် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ၏ (JAXA Realtime Rainfall Watch) ၀က်ဘ်ဆိုက်၌ လေ့လာချက်အရမြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၀င်ရောက်ပျက်ပြယ်သွားပြီဖြစ်သော အပူပိုင်းမုန်တိုင်းမာရသာ (Marrutha) ၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်းမြန်မာနိုင်ငံမြောက်ပိုင်း/အရှေ့မြောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၀.၁)မီလီမီတာမှ (၂)မီလီမီတာအတွင်းရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၁၀)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ မိုးရွာသွန်းမှုများများပြားခြင်းကြောင့်ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့်ပြည်သူများအနေဖြင့် အောက်ပါတို့အား အလေးထားဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်- (က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများကိုစဥ်ဆက် မပြတ် နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာပါ၊အခြားသူများကိုလည်းမျှဝေပါ၊ (ခ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတန်းများကိုမိမိနှင့် အတူထားရှိပါ၊ (ဂ) မိသားစုဝင်များကွဲကွာသွားပါကပြန်လည်ဆက်သွယ်ရန် … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ ပိန္နဲကွင်းကျေးရွာတွင် အိမ်ခြေ(၁)လုံး လုံးဝပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၈-၄-၂၀၁၇)ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကားဖြင့်ပေးပို့ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ငါးအိမ်တန်းကျေးရွာတွင် အိမ်ခြေ(၁)လုံး လုံးဝပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၈-၄-၂၀၁၇)ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကားဖြင့်ပေးပို့ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆-၄-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတွင် လူနေတဲအိမ် (၄) လုံး ပြိုကျပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ လူဦးရေ (၁၇) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၅,၇၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၅,၇၀၀) အားလည်းကောင်း၊ ယနေ့နောက်တိုးစာရင်းအရ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် လူနေတဲအိမ် (၁) လုံးပြိုကျပျက်စီးမှုအတွက် … Read more
-
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၌ (၁၆-၄-၂၀၁၇) ရက်နေ့၊ ည (၂၂းဝ၀) နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂၀) တို့အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၀) စာ၊ ပလတ်စတစ်ပုံး (ဘီးပါ) (၂၀)၊ Hygiene kits (၂၀)၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၄၄,၉၀၀/-) ကျပ်တိတိကို (၂၄) နာရီအတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၇) ရက်နေ့၊ တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ ပရဟိတအသင်းဝင်များနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ပြည်သူများသို့ပန်ကြားချက်ဖြစ်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သော ဗွီနီုင်းပိုစတာများစိုက်ထူ ခြင်းကို တံတားဦးမြို့အဝင်နေရာ၊ အင်းဝမြို့သာ တံတားဦးလမ်းသုံးဂွ ဆုံနေရာများ၌ ပြည်သူတို့နှင့်အတူ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးကြောင့် သေဆုံးသူအား ထောက်ပံ့မှုသတင်း
(၁၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀၅၀၀/-) ၊ စုစုပေါင်း (၄၁၀၅၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာအား (၁၈-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဟိုင်း ကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော မာရသာမုန်တိုင်းကြောင့် ရမ်းမြဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ရဲစခန်းနေအိမ်၊ တိုက်နယ်ဆေးရုံဝန်ထမ်းနေအိမ်နှင့် မီးကျောင်းတက်ရွာရှိ အလကကျောင်းအမိုးလန်ခြင်းများအတွက် (၁၈-၄-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင်သွပ်(၇၃)ချပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









