လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၇) ရက်နေ့၊ တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ ပရဟိတအသင်းဝင်များနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ပြည်သူများသို့ပန်ကြားချက်ဖြစ်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သော ဗွီနီုင်းပိုစတာများစိုက်ထူ ခြင်းကို တံတားဦးမြို့အဝင်နေရာ၊ အင်းဝမြို့သာ တံတားဦးလမ်းသုံးဂွ ဆုံနေရာများ၌ ပြည်သူတို့နှင့်အတူ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)