ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆-၄-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတွင် လူနေတဲအိမ် (၄) လုံး ပြိုကျပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ လူဦးရေ (၁၇) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၅,၇၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၅,၇၀၀) အားလည်းကောင်း၊ ယနေ့နောက်တိုးစာရင်းအရ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် လူနေတဲအိမ် (၁) လုံးပြိုကျပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၄၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၄,၂၀၀) အားလည်းကောင်း (၁၈-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။