ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ ပိန္နဲကွင်းကျေးရွာတွင် အိမ်ခြေ(၁)လုံး လုံးဝပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၈-၄-၂၀၁၇)ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကားဖြင့်ပေးပို့ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။