မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၌ (၁၆-၄-၂၀၁၇) ရက်နေ့၊ ည (၂၂းဝ၀) နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂၀) တို့အား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၀) စာ၊ ပလတ်စတစ်ပုံး (ဘီးပါ) (၂၀)၊ Hygiene kits (၂၀)၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၄၄,၉၀၀/-) ကျပ်တိတိကို (၂၄) နာရီအတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events