(၁၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀၅၀၀/-) ၊ စုစုပေါင်း (၄၁၀၅၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာအား (၁၈-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဟိုင်း ကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သေဆုံးသူမိသားစုဝင်၏ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)