မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊  မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာလေ ပြင်းဘေးကြောင့် အိမ်အရှေ့ပိုင်းပြိုလဲ ပျက်စီးအိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကဆရပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား (၁၈-၄-၂၀၁၇) ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events