လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၁-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ မီးဘေးသင့်အိမ်ခြေ (၁) လုံး (အုတ်ခံ ပျဉ်ကာ ပျဉ်ခင်း) အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ် ၊ ဆန်ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂၆၀၀/-) တို့ကျပ်အား (၁၈-၄-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)