Category Archives: News
-
မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့် မာန်မြေကျေးရွာတို့မှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၄-၇-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့် မာန်မြေကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် အိ်မ်ခြေ (၄၄) လုံး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀၀) ကျပ်၊ လူဦးရေ(၁၉၉) ဦးအတွက် ဆန်(၇)ရက်စာ (၄၁၇၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး (၄၄)အိမ်ထောင်စုစာတို့ကို မြို့နယ်ထွေ/အုပ်သို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့နှင့် အဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံ
၅-၇-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နေ့လည်ပိုင်းတွင် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR နှင့် သဘောတူညီမှုစာလွှာ ရေးထိုးဆောင်ရွက်မှု အခြေအနေများ၊ မကြာမီက ဖြစ်ပွား ခဲ့သော ဆိုင်ကလုန်းမိုရာအတွက် ပူးတွဲဆန်းစစ်ချက်လုပ်ငန်းများတွင် UNHCR မှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ၊ UNHCR အနေဖြင့် ဆိုင်ကလုန်းမိုရာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အခရာ အမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထား ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
(၄-၇-၂၀၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအခရာ အမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ထားထား ဦးဆောင်သောအဖွဲ့မှ အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့ နံနက်ပိုင်းတွင် လာ ရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အခရာအမျိုးသမီးအဖွဲ့၏ ၂၀၀၈ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့သော အမျိုးသမီးများနှင့် မိန်းကလေးများကို တန်းတူ တန်ဖိုးထား ဆက်ဆံစေရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့်ကျား/မ လူမှုရေးအမြင်ဆိုင်ရာအသိပညာဖြန့်ဝေရေး၊ အမျိုးသမီးများ ၏ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး၊ သက်ငယ်မုဒိမ်းမှုကာကွယ်ရေး၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများအား ကာကွယ်ပေး မည့် ဥပဒေပေါ် ပေါက်ရေးပူးပေါင်းဆောင်ရွက်မှုများကို … Read more
-
လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်အတွင်းရှိ ကရင်ကျေးရွာ၊ တပေတမော့ကျေးရွာနှင့် ကညင်ကုန်းကျေးရွာတို့၌ (၂-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁၇) လုံးအတွက် ထောက်ပံ့ငွေ (၁,၇၀၀,၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးအိမ်ခြေ (၁၁) လုံးအတွက် ထောက်ပံ့ငွေ (၂၂၀၀၀၀) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၂၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၁) အိမ်ထောင်စာ၊ ဘေးသင့်အိမ်ထောင်စု (၂၈) … Read more
-
ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆ်ိုင်ရာ စီမံခန့့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
(၄-၇-၂၀၁၇) ရက်နေ့၊ (၁၄းဝ၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းအဆင့်ဌာနဆိုင်ရာများမှ တက်ရောက်၍ ရေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အမျိုးသမီးများ၏ အခွင့်အရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံတော်အစိုးရ၊ အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူ့အားကို ပေါင်းစပ်၍ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
နေပြည်တော်၊ ၃-၇-၂၀၁၇ မြန်မာနို်င်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၃-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှု မရှိစေရေးကို နိုင်ငံတော်ကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို … Read more
-
ထိုင်းနိုင်ငံမှရွှေ့ပြောင်းလုပ်သားများမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်း အလုပ်သွား ရောက် လုပ်ကိုင်နေကြသည့် အထောက်အထား မပြည့် မစုံသည့် မြန်မာအလုပ်သမားများနှင့် အထောက်အထားလုံးဝ မရှိသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးလျက်ရှိသည့် အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် မြဝတီမြို့ (၉၉၉) ဂိတ်နှင့် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ (၂၉.၆.၂၀၁၇) နေ့မှ (၂.၇.၂၀၁၇) အထိ အသီးသီးဝင်ရောက်ခဲ့ရာ ကျား (၉၈၇၄) ဦး၊ မ (၅၈၃၀) ဦး၊ ပေါင်း (၁၅၇၀၄) ဦးရှိပြီး ဆက်လက်ဝင် ရောက်နေဆဲ … Read more
-
သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်စေရေးတွင် လမ်း၊ တံတားများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အခြေခံ လိုအပ်ချက်ဖြစ်မှုသတင်း
၁-၇-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျောက်တံတားမြို့နယ်၊ ရန်ကုန်-တောင်ငူ-မန္တလေး လမ်းတံတားအမှတ် (၃/၁၂၂) တုံကန် ချောင်းတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒေသခံများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသောလူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန် သော လူနေမှုဘဝရရှိစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝဘေး ပုံမှန်ကျရောက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ရင်ဆိုင်တုံ့ပြန်ရာတွင် အဆင်သင့်ဖြစ်စေရေးမှာ … Read more
-
မိုင်းဖြတ်မြို့နယ် ၊ ဆားလို့ကျေးရွာ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂-၇-၂၀၁၇) ရက်နေ့ နံနက် (၁၀) နာရီတွင် မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ် ၊ ဆားလို့ကျေးရွာတွင်ရွာသူ/ရွာသား (၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ကာ လက်ကမ်းစာစောင်များဖြန့်ဝေပြီး နံရံကပ်ပိုစတာ အား အုပ်ချုပ်ရေးမှူးအားပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၃၀-၆-၁၇) တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ပန်းဖူးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီအလိုက်ဖြစ်ပေါ်နိုင် သော ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကိစ္စများ ၊ မိုးလေဝသသတိပေးချက် များအား အလေးထားလိုက်နာဆောင်ရွက်တတ်စေရန် သဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်ဆာင်ရွက်တတ်စေရန် ဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများလည်းဝေငှပေးခဲ့ကာ DAN and Kobo App များအကြောင်းလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









