၅-၇-၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နေ့လည်ပိုင်းတွင် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR နှင့် သဘောတူညီမှုစာလွှာ ရေးထိုးဆောင်ရွက်မှု အခြေအနေများ၊ မကြာမီက ဖြစ်ပွား ခဲ့သော ဆိုင်ကလုန်းမိုရာအတွက် ပူးတွဲဆန်းစစ်ချက်လုပ်ငန်းများတွင် UNHCR မှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ၊ UNHCR အနေဖြင့် ဆိုင်ကလုန်းမိုရာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၏ အာဟာရ ချို့တဲ့မှု အခြေအနေ၊ မိခင်နှင့်ကလေးသေဆုံးမှုနှုန်းများ လျော့ကျစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း UNHCR မှ တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံမှ မိမိသဘောဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာမည့် မြန်မာဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNHCR တို့ ဆက်လက်ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားလာသော ကလေးအသက်(၂)နှစ် အထိ လစဉ်ငွေသားထောက်ပံ့မှု အစီအစဉ်ကို မြန်မာနိုင်ငံ၏ဆင်းရဲမှုနှုန်းမြင့်မားသော ချင်းပြည် နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်ရွက်နေပြီး ယင်းအစီ အစဉ်သည် မိခင်နှင့်ကလေး သေဆုံးမှုနှုန်းလျော့ကျစေရေးနှင့် ကလေးငယ်အာဟာရပြည့်ဝရေး အတွက် အထောက်အကူပြုမည်ဖြစ််ကြောင်းး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဒေသတွင်းပြန်လည် နေရာ ချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဥက္ကဌဖြစ်သဖြင့် ရခိုင်ပြည်နယ်လူမှုစီး ပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသာမက လူမှုအဖွဲ့အစည်းနှစ်ရပ်အကြား အပြန်အလှန်ထိတွေ့ ဆက်ဆံနိုင်မှု ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရက လည်း ရခိုင်ပြည်နယ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်စီမံကိန်း ရေးဆွဲ ထားရှိပြီး ၄င်းစီမံချက်အကောင်အထည်ဖော်ရေးတွင်လည်း ဝန်ကြီးဌာနက ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်
ပေးလျက်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပါမောက္ခဒေါက်တာ ဒေါ်မြတ်သူ ဦးဆောင် သောအဖွဲ့အားလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေပြဌာန်းမှု၊ နည်းဥပဒေ ရေးဆွဲမှုအခြေအနေ၊ ဝန်ထမ်းအင်အားနှင့်အသင်းမှ ဆောင်ရွက်နေသော ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်မှု လုပ်ငန်းများ၊ ကွဲကွာမိသားစုများ ပြန်လည် ပေါင်းစည်းရေးလုပ်ငန်း၊ ကလေးစစ်သား အဖြစ် စုဆောင်းခံရသူများအား မိသားစုနှင့်ပြန်လည် ပေါင်းစည်းရေးလုပ်ငန်း၊ မိုင်းကြောင့်ထိခိုက် ခံစားရသည့် ကလေးသူငယ်များ ထောက်ပံ့မှု၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဒုက္ခသည် များ အားကူညီထောက်ပံ့ရေးနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာကူညီမှု လုပ်ငန်းဆောင်ရွက်မှုများ၊ အလှူငွေရရှိမှု ရင်းမြစ်များ၊ အမျိုးသားသဘာဝဘေးတုန့် ပြန်ရေး မူဘောင်ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းနှင့်အညီ ဝန်ကြီးဌာနနှင့်ပူးပေါင်းရေးဆွဲရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။
ယင်းနောက် ဟောင်ကောင်မြန်မာကုန်သည်ကြီးများအသင်းမှ ဥက္ကဌဖြစ်သူနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး မိမိတို့ဝန်ကြီးဌာန၏ လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ များနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ၊ လုပ်ငန်းများဆောင်ရွက်ရာ၌ လူမှုရေး ပညာရှင် ရင်းမြစ်နည်းပါးခြင်းနှင့် ယင်းကိုဖြည့်ဆည်းရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် လက်မှတ်ရ လူမှုရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ ပြည်သူလူထုအတွက် လူမှုစီးပွားဘဝ ခိုင်မာစေရေးအစီအမံများ ဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။