
(၄-၇-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့် မာန်မြေကျေးရွာတို့၌
ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် အိ်မ်ခြေ (၄၄) လုံး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀၀) ကျပ်၊ လူဦးရေ(၁၉၉) ဦးအတွက် ဆန်(၇)ရက်စာ (၄၁၇၉၀၀) ကျပ်၊
ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး (၄၄)အိမ်ထောင်စုစာတို့ကို မြို့နယ်ထွေ/အုပ်သို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)