(၄-၇-၂၀၁၇)၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအခရာ အမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ထားထား ဦးဆောင်သောအဖွဲ့မှ အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့ နံနက်ပိုင်းတွင် လာ ရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အခရာအမျိုးသမီးအဖွဲ့၏ ၂၀၀၈ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့သော အမျိုးသမီးများနှင့် မိန်းကလေးများကို တန်းတူ တန်ဖိုးထား ဆက်ဆံစေရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့်ကျား/မ လူမှုရေးအမြင်ဆိုင်ရာအသိပညာဖြန့်ဝေရေး၊ အမျိုးသမီးများ ၏ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး၊ သက်ငယ်မုဒိမ်းမှုကာကွယ်ရေး၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများအား ကာကွယ်ပေး မည့် ဥပဒေပေါ် ပေါက်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ အမျိုးသမီးများထုတ်လုပ်သည့် ဈေးကွက်ဝင်ပစ္စည်းများကို ရောင်းချနိုင်မည့် Market Place တစ်ခုထူထောင်ရေးနှင့် မိန်းကလေးငယ်များ၊ ယောင်္ကျားလေးများ မိမိကိုယ်တိုင်တန်ဖိုးထားစေရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးတစ်ခုအဖြစ် ပါဝင် ပြဌာန်းနိုင်မည်ဆိုပါက မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ စွန့်ပစ်ကလေးများ တိုးပွားလာခြင်း စသည်တို့ကို ကာကွယ်လာနိုင်မည်ဖြစ်ပါကြောင်း အဆိုပြုတင်ပြဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အခရာအဖွဲ့မှ ပူးပေါင်း ပါဝင်နိုင်မည့်ကဏ္ဍများကို အပြန်အလှန်ဆွေးနွေး ခဲ့ပါသည်။
Source: MSWRR