ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်အတွင်းရှိ ကရင်ကျေးရွာ၊ တပေတမော့ကျေးရွာနှင့် ကညင်ကုန်းကျေးရွာတို့၌ (၂-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁၇) လုံးအတွက် ထောက်ပံ့ငွေ (၁,၇၀၀,၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးအိမ်ခြေ (၁၁) လုံးအတွက် ထောက်ပံ့ငွေ (၂၂၀၀၀၀) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၂၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၁) အိမ်ထောင်စာ၊ ဘေးသင့်အိမ်ထောင်စု (၂၈) စုမှ လူဦးရေ (၁၀၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၃၆,၃၀၀) ကျပ်တို့အား (၃-၇-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)