
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်း အလုပ်သွား ရောက် လုပ်ကိုင်နေကြသည့် အထောက်အထား မပြည့် မစုံသည့် မြန်မာအလုပ်သမားများနှင့် အထောက်အထားလုံးဝ မရှိသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးလျက်ရှိသည့် အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် မြဝတီမြို့ (၉၉၉) ဂိတ်နှင့် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ (၂၉.၆.၂၀၁၇) နေ့မှ (၂.၇.၂၀၁၇) အထိ အသီးသီးဝင်ရောက်ခဲ့ရာ ကျား (၉၈၇၄) ဦး၊ မ (၅၈၃၀) ဦး၊ ပေါင်း (၁၅၇၀၄) ဦးရှိပြီး ဆက်လက်ဝင် ရောက်နေဆဲ ဖြစ်ပါသည်။ အဆိုပါဝင်ရောက်လာသူများအား ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ညအိပ်လို သူများအတွက် အိပ်ဆောင်များအတွင်း စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ပိုက်ဖျာများ ပြင်ဆင်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)