ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၃၀-၆-၁၇) တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ပန်းဖူးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီအလိုက်ဖြစ်ပေါ်နိုင် သော ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကိစ္စများ ၊ မိုးလေဝသသတိပေးချက် များအား အလေးထားလိုက်နာဆောင်ရွက်တတ်စေရန် သဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်ဆာင်ရွက်တတ်စေရန် ဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများလည်းဝေငှပေးခဲ့ကာ DAN and Kobo App များအကြောင်းလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)