သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်စေရေးတွင် လမ်း၊ တံတားများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အခြေခံ လိုအပ်ချက်ဖြစ်မှုသတင်း

7 Pic 02

၁-၇-၂၀၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျောက်တံတားမြို့နယ်၊ ရန်ကုန်-တောင်ငူ-မန္တလေး လမ်းတံတားအမှတ် (၃/၁၂၂) တုံကန် ချောင်းတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒေသခံများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသောလူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန် သော လူနေမှုဘဝရရှိစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝဘေး ပုံမှန်ကျရောက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ရင်ဆိုင်တုံ့ပြန်ရာတွင် အဆင်သင့်ဖြစ်စေရေးမှာ အရေးကြီး ပါကြောင်း၊ အဆင်သင့်ဖြစ်စေရန်အတွက် လမ်းတံတားအဆောက်အဦများ ကောင်းမွန် ကြံ့ခိုင်ရေး၊ ကုန်းလမ်း၊ လေလမ်း၊ ရေလမ်းပို့ဆောင်မှုလုံခြုံမှုရှိစေရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေးနှင့် လျှပ်စစ်စွမ်းအင် လုံလောက်ရေးတို့အပေါ်တွင်မူတည်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့်တံတားသည် ပြည်သူလူထုအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းစေပြီး သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ပေး ထားခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်းနှင့်  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

Sign Up

Upcoming Events