Category Archives: News
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ဧရာ၀တီတိုင်းဒေသကြီး၏ ပထမအကြိမ်အဖြစ် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ အထိမ်းအမှှတ်အခမ်းအနားအား ကျင်းပပြုလုပ်မှုသတင်း
================================================== Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ==================================================== ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ (၅) ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်အထိ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ဧရာ၀တီတိုင်းဒေသကြီး၏ ပထမအကြိမ်အဖြစ် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ အထိမ်းအမှှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြား၍ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအကြောင်း ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးမှ ဆူနာမီအကြောင်း သိကောင်းစရာများအား ဟောပြောပို့ချခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ … Read more
-
ကျောက်ဖြူမြို့နယ်၊ မြစ်နားတန်းရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပ့ံမှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== (၅-၁၁-၂၀၁၇) ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးမောင်မောင်၏ ဂုံးအဝယ်ဒိုင်၌ ထမင်းချက်စားရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၆ လုံးနှင့် ငါး/ပုဇွန်ဒိုင် ၁၁ လုံး မီးလောင်သွားခဲ့ပါသည်။ အိမ်ခြေ ၁၆ လုံးမှ လူဦးရေ ( ကျား ၂၈၊ မ ၄၂) ဦးနှင့် ငါး/ပုဇွန်ဒိုင်မှ လူဦးရေ (ကျား ၃၀ … Read more
-
နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြပြီး ကြိမ်ချောင်းဘုန်းကြီးကျောင်း၌ ခေတ္တခိုလှုံနေကြသူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာပြီး ကြိမ်ချောင်းဘုန်းကြီးကျောင်း၌ ခေတ္တခိုလှုံနေကြသည့် လောင်းဒုံကျေးရွာအုပ်စု ဖော်ကီတောင်ရွာမှ မာရမကြီးလူမျိုး အိမ်ထောင်စု (၂၄) စုစာ (လူဦးရေ ၈၂ ဦး) အတွက်လည်းကောင်း၊ နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြသည့် ကြိမ်ချောင်းကျေးရွာမှ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ရ၅ စု (လူဦးရေ ၃၈၈ ဦး) အတွက်လည်းကောင်း၊ နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြသည့် ဟိန္ဒူလူမျိုး အိမ်ထောင်စု ၅၅ စု (လူဦးရေ ၅၅၀ ဦး) အတွက်လည်းကောင်း … Read more
-
အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================================== အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်းကျေးရွာ၌ (၂၈-၁၀-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၃၀ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁၀အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၄၄၃၀၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၇) ရက်နေ့တွင် … Read more
-
အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု လန်တာရွာနှင့် နံကပ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု လန်တာရွာနှင့် နံကပ်ကျေးရွာ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၆ လုံး၊ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၆ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၂၅၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၀၁၂၈၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
ဘားအံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၁-၁၁-၂၀၁၇)ရက်နေ့ (၂၂း၃၀) အချိန်၌ ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲလမ်းဘေး အကျဉ်းဦးစီးဌာနအတွင်းရှိ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀န်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၄) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ (၂-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊အိမ်ထောင်စု (၆) စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ UNHCR ၊ WFP နှင့် United States Institute of Peace အဖွဲ့ တို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှု သတင်း
၁.၁၁.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Ms. Ulla Toernaes ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ (၃၁.၁၀.၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် အဆိုပါ၀န်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် UEHRD စီမံကိန်း စတင်ဆောင်ရွက်နေမှုနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အသိပညာရရှိစေရန် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့်ပူးပေါင်း၍ မိမိဆန္ဒ အလျောက် နေရပ်ပြန်ခြင်း ဆိုင်ရာ … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
၁.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် Community and Family Services International (CFSI) အဖွဲ့က အမေရိကန် ဒေါ်လာ (၁) သောင်းနှင့်ညီမျှသော မြန်မာငွေကျပ် (၁၃၄၉၅၀၀၀) ကို လည်းကောင်း၊ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ဒေါ်တင်မိုးလွင်က ငွေကျပ်သိန်း(၁၀၀)၊ ပဲခူး သာသနာနယ်က ငွေကျပ်(၁၀)သိန်း၊ သုဝဏ္ဏ ရန်ကုန်သစ် အသင်းတော်ကငွေကျပ် (၁၀)သိန်း၊ မြန်မာနိုင်ငံနှစ်ခြင်း … Read more
-
ချောင်းဆုံမြို့နယ် မရမ်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၃၁-၁၀-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ မီးလောင်မှုကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၁) ထုတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်း၊ ဘေးသင့်လူဦးရေ ( ၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်တို့ကို ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သပြေလှကျေးရွာ၌ (၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ရောဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် အ်ိမ်ထောင်စု(၂)စု လူဦးရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး ဆန်ဖိုးငွေ(၇)ရက်စာ (၂၅၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တိတိအား (၁-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။









