=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
===================================================
(၅-၁၁-၂၀၁၇) ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ မြစ်နားတန်းရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးမောင်မောင်၏ ဂုံးအဝယ်ဒိုင်၌ ထမင်းချက်စားရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၆ လုံးနှင့် ငါး/ပုဇွန်ဒိုင် ၁၁ လုံး မီးလောင်သွားခဲ့ပါသည်။ အိမ်ခြေ ၁၆ လုံးမှ လူဦးရေ ( ကျား ၂၈၊ မ ၄၂) ဦးနှင့် ငါး/ပုဇွန်ဒိုင်မှ လူဦးရေ (ကျား ၃၀ ၊ မ ၁၇) ဦး စုစုပေါင်းလူဦးရေ (၁၁၇) ဦး မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ခြေ ၁၆ လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆော်ဒီစောင် (၁၆) ထည်အား ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေး၏လိုအပ်ချက်အရ ကျောက်ဖြူခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၁၁-၂၀၁၇) ရက်နေ့တွင်ပင်သွားရောက်ထောက်ပံ့ခဲ့ပြီး အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် မီးဘေးသင့်ခဲ့သင့်လူဦးရေများအတွက် ဆန်ရိက္ခာဖိုး ထောက့်ပံ့ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။