=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု လန်တာရွာနှင့် နံကပ်ကျေးရွာ၌ (၂၉-၁၀-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၆ လုံး၊ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၆ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၂၅၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၀၁၂၈၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။