၁.၁၁.၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် Community and Family Services International (CFSI) အဖွဲ့က အမေရိကန် ဒေါ်လာ (၁) သောင်းနှင့်ညီမျှသော မြန်မာငွေကျပ် (၁၃၄၉၅၀၀၀) ကို လည်းကောင်း၊ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ဒေါ်တင်မိုးလွင်က ငွေကျပ်သိန်း(၁၀၀)၊ ပဲခူး သာသနာနယ်က ငွေကျပ်(၁၀)သိန်း၊ သုဝဏ္ဏ ရန်ကုန်သစ် အသင်းတော်ကငွေကျပ် (၁၀)သိန်း၊ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းတော်များ အဖွဲ့ချုပ်က ငွေကျပ်သိန်း(၃၀) ကိုလည်းကောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လာရောက်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။