==================================================
Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
====================================================
၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ (၅) ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်အထိ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ဧရာ၀တီတိုင်းဒေသကြီး၏ ပထမအကြိမ်အဖြစ် ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ အထိမ်းအမှှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြား၍ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအကြောင်း ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးမှ ဆူနာမီအကြောင်း သိကောင်းစရာများအား ဟောပြောပို့ချခြင်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထု အပါအဝင် စုစုပေါင်းလူဦးရေ(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။