(၃၁-၁၀-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ မီးလောင်မှုကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၁) ထုတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်း၊ ဘေးသင့်လူဦးရေ ( ၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်တို့ကို ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၁-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)