===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
===================================================
အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်းကျေးရွာ၌ (၂၈-၁၀-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၃၀ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁၀အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၄၄၃၀၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။