(၁-၁၁-၂၀၁၇)ရက်နေ့ (၂၂း၃၀) အချိန်၌ ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲလမ်းဘေး အကျဉ်းဦးစီးဌာနအတွင်းရှိ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀န်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၄) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ (၂-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊အိမ်ထောင်စု (၆) စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၅၀၄၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)