နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြပြီး ကြိမ်ချောင်းဘုန်းကြီးကျောင်း၌ ခေတ္တခိုလှုံနေကြသူများအတွက် ထောက်ပံ့မှုသတင်း

4_pic01

4_pic02

4_pic03

4_pic04

4_pic05

4_pic06

4_pic07

4_pic08

4_pic09

=================================================
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာပြီး ကြိမ်ချောင်းဘုန်းကြီးကျောင်း၌ ခေတ္တခိုလှုံနေကြသည့် လောင်းဒုံကျေးရွာအုပ်စု ဖော်ကီတောင်ရွာမှ မာရမကြီးလူမျိုး အိမ်ထောင်စု (၂၄) စုစာ (လူဦးရေ ၈၂ ဦး) အတွက်လည်းကောင်း၊ နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြသည့် ကြိမ်ချောင်းကျေးရွာမှ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ရ၅ စု (လူဦးရေ ၃၈၈ ဦး) အတွက်လည်းကောင်း၊ နေရပ်စွန့်ခွာ၍ ပြန်လည်ရောက်ရှိလာကြသည့် ဟိန္ဒူလူမျိုး အိမ်ထောင်စု ၅၅ စု (လူဦးရေ ၅၅၀ ဦး) အတွက်လည်းကောင်း စုစုပေါင်းအိမ်ထောင်စု (၁၅၄) စုစာအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မည့် ဆန် ဆီ ပဲ ငါးသေတ္တာ ကော်ဖီမစ် ခြင်ထောင်နှင့် ခေါက်ဆွဲခြောက်များအား (၄-၁၁-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကြိမ်ချောင်းဘုန်းကြီးကျောင်းသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events